Routes to be a developer

January 5, 2024

Programming
5 min

Developer တယောက်၊ programmer တယောက်ဖြစ်လာဖို့အတွက် အခြေခံအားဖြင့် လမ်းကြောင်း ၃ ခုရှိပါတယ်။ ပထမ တခုကတော့ self study ပါ။ ရှင်းပါတယ် YouTube ဒါမှမဟုတ် Coursera လိုမျိုး website တွေကနေ ကိုယ့်ဘာသာလေ့လာတာမျိုးပါ။ Consistency သာရှိမယ်ဆို ဖြစ်နိုင်ခြေအများကြီးရှိပါတယ်။ အရည်အချင်းရှိတဲ့ self taught developer တွေအများကြီးပါ။

ဒုတိယတခုကတော့ အပြင်သင်တန်းတွေပါ။ ပိုက်ဆံပမာဏ တခုပေးပြီး zero to advance အထိ သင်ယူသွားလို့ရပါတယ်။ တကယ်ကောင်းတဲ့သင်တန်းတွေလဲအများကြီးရှိသလို၊ ဂျင်းသင်တန်းတွေလဲ ရိုက်သတ်လို့မကုန်ပါဘူး။ မတက်ခင် ကိုတက်မယ့်သင်တန်းကို အရင် research လုပ်ပါ။ ဘယ်သင်တန်းကောင်းလဲ ကျွန်တော့်ကိုလာမမေးပါနဲ့၊ တကယ်မသိပါဘူး။

နောက်ဆုံးတခုကတော့ university ပါ။ Gov university တွေအကြောင်းမပါပါဘူး။ သူတို့ကိုဘောင်လဲမသွင်းပါဘူး။ ဒီတတိယလမ်းကြောင်းမှာဆိုရင် ရွေးချယ်စရာ 2 ခုရှိပါတယ်။ ပထမတခုကတော့ ပြည်တွင်းကပေးတဲ့ နိုင်ငံခြားဘွဲ့ (local private university) နဲ့ နိုင်ငံတကာတက္ကသိုလ်တွေကပေးတဲ့ နိုင်ငံခြားဘွဲ့ (overseas) ဆိုပြီး နှစ်မျိုးရှိပါတယ်။ကိုယ့်အိမ်ကထောက်ပံ့ပေးနိုင်တယ်၊ တကယ် quality ရှိတဲ့ education ကိုလဲလိုချင်တယ်ဆိုရင် ဒုတိယလမ်းကြောင်းဖြစ်တဲ့ overseas သာထွက်ပါ။ အနည်းဆုံး Thai လိုနေရာမျိုးက တက္ကသိုလ်တွေဆိုရင်တောင် ဒီက private university တွေနဲ့အများကြီးကွာနေပါပြီ။ကိုယ်က budget လဲ save ဖြစ်ချင်တယ်။ နိုင်ငံခြားမှာအလုပ်လုပ်ဖို့ visa ကိစ္စ‌တခုတည်းကြောင့်ပဲ ဘွဲ့လိုချင်တယ်ဆိုရင်တော့ local private university တွေဟာ ရွေးချယ်စရာ option တခုဖြစ်လာပါလိမ့်မယ်။ ကိုယ်ရွေးချယ်တဲ့ private university အပေါ်မူတည်ပြီး education quality ကွာသွားပါလိမ့်မယ်။ ဒီနေရာမှာသတိပြုရမှာက ဘယ်လောက်ကောင်းတဲ့ private university ကိုရွေးရွေး ကျောင်းကသင်တာတခုထဲနဲ့ အလုပ်ခွင်၀င်ဖို့မလုံလောက်ပါဘူး။ ဒါဟာ local private university တွေမှမဟုတ်ပါဘူး၊ overseas က university တွေလဲအတူတူပါပဲ။ ကိုယ့်ဘာသာ ပြန်လေ့လာရတဲ့ ပမာဏ အနည်းအများပဲကွာသွားတာပါ။ ဘာလို့လဲဆိုတော့ real life မှာ အလုပ်လုပ်ပုံနဲ့၊ academic ပိုင်းနဲ့ ကွာခြားမှုရှိပါတယ်။ အဲ့တော့ ကိုယ်က နည်းနည်းလဲ quality ရှိတဲ့ education မျိုးလိုချင်တယ်၊ ပမာဏတခုအထိလဲတတ်နိုင်တယ်ဆိုရင်တော့ အနည်းငယ် quality ရှိတဲ့ private university ‌တွေထဲကရွေးချယ်ပါ။ ဒါမှမဟုတ် visa ကိစ္စအတွက်ပဲ ဘွဲ့လိုချင်တာဆိုရင်တော့ ကိုယ်နဲ့အဆင်ပြေမယ့် ဈေးသက်သာတဲ့ option တွေအများကြီးပါ။တကယ် quality ရှိတယ်၊ ပိုက်ဆံလဲသိပ်မကုန်ပဲ computer science ဘွဲ့တခုလိုချင်တယ်ဆိုရင်တော့ ချွင်းချက်အနေနဲ့ ရွေးချယ်စရာတခုရှိပါတယ်။ ဒါပေမယ့် English တော့ တော်တော်လေးကောင်းရပါမယ်။ အဲ့ option က University of People (UoPeople) ပါ။ ‌

Summary အနေနဲ့ပြောရမယ်ဆိုရင်တော့ developer တယောက်ဖြစ်လာခြင်း၊ မဖြစ်လာခြင်း၊ အလုပ်ရချင်း၊ မရချင်း၊ အရည်အချင်းရှိချင်း၊ မရှိချင်းဟာ မိမိအပေါ်ပဲအဓိကမူတည်ပါတယ်။ ဒုတိယလမ်းကြောင်းနဲ့၊ တတိယလမ်းကြောင်းကိုရွေးချယ်ဖို့စဉ်းစားထားရင်တော့ ကိုတက်မယ့်သင်တန်း၊ university ကိုသေချာ research လုပ်ပါ။ Education field ကို စီးပွားရေးတခုလိုလုပ်စားတာ မြန်မာတနိုင်ငံထဲရှိပါတယ်။ သေချာ research မလုပ်ရင် ခံလိုက်ရပါမယ်။ ကိုယ်က Overseas ထွက်ဖို့စဉ်းစားထားရင်တော့ ဘယ်နည်းလမ်းနဲ့မဆို ဘွဲ့တခုရအောင်လုပ်ထားပါ။ ကိုကအရမ်းတော်နေလို့ boss ကသဘောကျလို့ ခန့်ချင်ရင်တောင် ဘွဲ့ကိစ္စနဲ့ visa မှာသွားငြိနေရင်မရပါဘူး။ အနည်းဆုံးတော့ UoPeople ကို try ကြည့်ပါ။ Reading and listening skills ကောင်းရင် အဆင်ပြေပါလိမ့်မယ်။

Use this form to describe your project
Thank you! Your submission has been received!
Oops! Something went wrong while submitting the form.