The problems with creative modern websites

Websites တွေစပေါ်လာတဲ့ 1991 ခုနှစ်ကနေ အခုချိန်ထိ web design တွေဟာ တော်တော်လေးပြောင်းလဲလာခဲ့ပါတယ်။ အထူးသဖြင့် လွန်ခဲ့တဲ့ နှစ်အနည်းငယ်လေးအတွင်းမှာတင် drastically ပြောင်းလဲလာတာတွေ့ရတယ်။ Web design trend တွေကလဲ အလွန်များပြားလာပြီး up to date ဖြစ်အောင်မနည်း keep up လုပ်နေရတယ်။ အဲ့လိုပြောင်းလဲမှုတွေထဲက အကြီးမားဆုံးပြောင်းလဲမှုတခုကဝောာ့ creative modern websites တွေပေါ်ပေါက်လာတာပါပဲ။‍

August 19, 2023

UI/UX
3 min

What is creative modern website?

Creative modern website ဆိုတာ ကျွန်တော်တို့ပုံမှန်မြင်တွေ့နေကျ web design တွေကနေခွဲထွက်ပြီး၊ advance animation တွေ၊ big typo တွေ၊ 3D model တွေ၊ experimental layout တွေ၊ interaction တွေ စသည်ဖြင့် UI ပိုင်းကို အသားပေးထားတဲ့ websites တွေဖြစ်ပါတယ်။ ဒီ websites တွေရဲ့ example ကိုတော့ awwwards.com မှာ၀င်ကြည့်လို့ရပါတယ်။

The biggest weakness of creative modern website

Creative modern websites တွေဟာ UI ပိုင်းအရ ကြည့်ရမိုက်တယ်၊ မျက်စိပသာဒ ဖြစ်တယ်ဆိုပေမယ့် ဒီ websites တွေမှာ ပြသာနာကြီးတစ်ခုရှိနေပါတယ်။ အဲ့တာကတော့ UX ပိုင်းပါ။ ဒီ websites တွေဟာ UI ပိုင်းလှသလောက် UX ပိုင်းမှာ အနည်းနဲ့အများ၊ တချို့ websites တွေဆို ဆိုးဆိုးရွားရွား အားနည်းချက်ရှိပါတယ်။ ကျွန်တော်တို့တွေအနေနဲ့ ဒီ websites တွေကို design ဆွဲတော့မယ်ဆိုရင် ဘယ်လောက်ပဲ UX ပိုင်းကို improve လုပ်ပါစေ မဖြစ်မနေ sacrifice လုပ်ရတာမျိုးတွေရှိပါတယ်။ ဥပမာ 3D model သုံးမယ်ဆိုရင် ဘယ်လောက်ပဲ optimize လုပ်လုပ်၊ သာမန် websites တွေထက် အနည်းနဲ့အများ loading time ကြာမှာပါပဲ။ website ကောင်းတခုဆိုတာ UI ကော UX ကော balance ဖြစ်နေဖို့လိုပါတယ်။ ဒါကြောင့်လဲ "UI/UX" or "UX/UI" (ဘယ်လိုခေါ်ခေါ် နာမည်ကအရေးမကြီးပါဘူး၊ လူတချို့ကတော့ UX က ပိုပြီးဦးစားပေးသင့်တာရယ်၊ work flow မှာလဲ UX က အရင်လာတာကြောင့် "UX/UI" လို့ခေါ်ရတာပို prefer ဖြစ်ပါတယ်) ဆိုပြီး ဖြစ်လာတာပါ။

Should we use creative modern website?

အဖြေက both "Yes" and "No" ပါ။ ကိုယ် develop လုပ်မယ့် website အမျိုးအစားပေါ်မူတည်ပြီးပဲ အဖြေကွဲသွားပါလိမ့်မယ်။ Static websites အများစု၊ အထူးသဖြင့် ကိုယ့်ရဲ့ skill ကို flex လုပ်လို့ရမယ့် portfolio websites တွေမှာ ပိုသုံးသင့်ပြီး၊ dynamic websites တွေ အထူးသဖြင့် e-commerce websites တွေမှာဆိုရင်တော့ လုံး၀နီးပါးရှောင်သင့်ပါတယ်။အကျဉ်းချုပ်ပြောရမယ်ဆိုရင်တော့ website ကောင်းတခုဆိုဝာာ UI ကော UX ကော balance ဖြစ်နေဖို့လိုပါတယ်။ Creative modern website ပဲဖြစ်ဖြစ်၊ သာမာန် website ပဲဖြစ်ဖြစ် အခေါ်အဝေါ်တွေကိုဘေးချိတ်ထားပြီး UI ပိုင်းကော UX ပိုင်းကော balance ဖြစ်တဲ့ website ကောင်းတခု create လုပ်နိုင်ဖို့ပဲ ဦးစားပေးသင့်ပါတယ်။ UX ပိုင်းကောင်းမွန်ပြီး UI ပိုင်းက စုတ်ပြတ်သတ်နေလဲ ဘယ် user ကမှ ကြည့်ချင်စိတ်ရှိမှာမဟုတ်သလို၊ UI ပိုင်းကောင်းမွန်ပြီး UX ပိုင်းက ဆိုးရွားနေရင်လဲ “ရွှေချထားတဲ့အမှိုက်” တခုထက် ပိုမှာမဟုတ်ပါဘူး။

Use this form to describe your project
Thank you! Your submission has been received!
Oops! Something went wrong while submitting the form.